အလယ်ကျောင်းဘုန်းတော်ကြီးကျောင်း

Listing Description

အလယ်ကျောင်း ဘုန်းတော်ကြီးကျောင်းသည် ကောဇာသက္ကရာဇ် ၁၃၂၁ ခုနှစ်၊ ကဆုန်လပြည့် ကြာသပတေးနေ့တွင် တည်ဆောက်ခဲ့သည်။ ကျွန်းတိုင်လုံးရေ ၁၀၀ ရှိပြီး ဘုံပြဿာဒ်ပါသော ပျဉ်ခင်း၊ ပျဉ်ကာ၊ အမိုးသွပ်ဖြင့် ဆောက်လုပ်ထားပါသည်။ ယခင်က အလယ်ကျောင်း၏ တောင်ဘက်တွင် တောင်ကျောင်းရှိခဲ့ပြီး ၄င်းကျောင်းသည် ပျက်စီးသွားခဲ့သဖြင့် ယခုအခါ ရှားတောမြို့တွင် မွေတော်ကျောင်းနှင့် အလယ်ကျောင်း နှစ်ကျောင်းသာကျန်ရှိသဖြင့် မွေတော်ကျောင်းကို မြောက်ဘက်ကျောင်းဟုလည်းကောင်း၊ အလယ်ကျောင်းကိုတောင်ဘက်ကျောင်းဟု လည်းကောင်း ခေါ်ဝေါ်လျက်ရှိသည်ကို ဒေသခံထံမှ လေ့လာမှတ်သားရပါသည်။