အောင်ဗောဓိဆုတောင်းပြည့်စေတီတော်

Listing Description

အောင်ဗောဓိဆုတောင်းပြည့်စေတီတော်သည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ် ၂၀ ရပ်ကွက် ကန်တော်မင်္ဂလာလမ်းတွင် တည်ရှိသည်။ စေတီတော်ကြီးကို ခရစ်နှစ် ၂၀၀ဝ ပြည့်နှစ် တွင် စတင်တည်ထားပြီး ၂၀၀၁ ခုနှစ် တွင် စေတီတော်ကြီးအား ထီးတော်တင်ခဲ့ကြသည်။ ခရစ်နှစ် ၂၀၀၈ ခုနှစ်တွင် နာဂစ် မုန်တိုင်းဒဏ်ကြောင့် စိန်ဖူးတော်မြေခ ၍ ထီးတော် တစ်ဖက်သို့ယိမ်းယိုင် ခဲ့သဖြင့် ၂၀၀၉ ခုနှစ်တွင် ထီးတော်ကို ဒုတိယ အကြိမ် ပြန်လည်တင်ခဲ့ကြသည်။